📝 ဝင်ခွင့်လျှောက်လွှာ တင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
ပုလဲသာမဏေကျော်အသင်း၏ စာမေးပွဲအတွက် အွန်လိုင်းမှတစ်ဆင့် ဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် အကောင့်သစ်ဖွင့်ခြင်းနှင့် အကောင့်ဝင်ခြင်းကို ရှေးဦးစွာလုပ်ဆောင်ရပါမည်။
ဤလုပ်ဆောင်ချက်အတွက် မိမိကိုယ်ပိုင် gmail ရှိလျှင် Mobile Phone၊ Laptop computer တို့နှင့် လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်ပါသည်။ အကောင့်ဝင်ပြီးနောက် မိမိအတွက်ဖောင်ဖြည့်သည်ဖြစ်စေ
အများအတွက်ဖြည့်သွင်းပေးသည်ဖြစ်စေ အောက်ပါအချက်များကို သေချာဖတ်ရှုပြီးလျှင် တိကျစွာလိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။ ကိုယ်ရေးအချက်အလက်များ
- မွေးသက္ကရာဇ်ဖြည့်သွင်းသည့်အခါ အင်္ဂလိပ်၊ မြန်မာ အဆင်ပြေရာဖြင့် ပြက္ခဒိန်(Calendar Icon)ကို နှိပ်ကာ ခုနှစ်/လ/ရက် ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး အသက်ကို စနစ်မှ အလိုအလျောက် တွက်ချက်ပေးမည်ဖြစ်ပါသည်။
- ဘွဲ့အမည်နှင့် မိဘအမည်များကို မြန်မာလို အပြည့်အစုံ ရှင်းလင်းစွာ ဖြည့်စွက်ပါ။
- ပထမစာမျက်နှာ၌ အချက်လက်များ ဖြည့်စွက်ပြီးပါက အောက် ညာဘက်ထောင့်နားတွင်ရှိသော ရှေ့သို့ ဟူသော ခလုတ်ကိုနှိပ်ပါ။ ဒုတိယစာမျက်နှာ သို့ရောက်သွားပါမည်။
၂။ ယခင်ဖြေဆိုအောင်မြင်မှု အချက်အလက်များ
- ယခင်က ဤအသင်းတွင် ဖြေဆိုဖူးခြင်း၊ ပထမဆင့်ကိုအောင်မြင်ခဲ့ခြင်း မရှိပါက "မဖြေဆိုဖူးပါ (အသစ်)" ဟူ၍ ရွေးချယ်ပါ။
- ယခင်က အဆင့်တစ်ခု အောင်မြင်ပြီးသူများဖြစ်ပါက သက်ဆိုင်ရာအဆင့်ကို ရွေးချယ်ပြီး ယခင်ဖြေဆိုခဲ့သည့်နှစ် နှင့် ခုံနံပါတ် တို့ကို မှန်ကန်စွာ ဖြည့်သွင်းပေးပါ။
- (၁၃၈၇-၂၀၂၅-ခုနှစ်)ပုလဲသာမဏေကျော်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သောခုံနံပါတ်ကို မမှတ်မိလျှင် ပင်မစာမျက်နှာတွင်ဖော်ပြထားသည့် ပထမဆင့်အောင်စာရင်းတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- ယခုဝင်ရောက်ဖြေဆိုမည့် အဆင့် (ပထမဆင့်၊ ဒုတိယဆင့်) ကို သေချာစွာ ရွေးချယ်ပါ။
- ဒုတိယစာမျက်နှာ၌ အချက်လက်များ ဖြည့်စွက်ပြီးပါက အောက် ညာဘက်ထောင့်နားတွင်ရှိသော ရှေ့သို့ ဟူသော ခလုတ်ကိုနှိပ်ပါ။ တတိယစာမျက်နှာ သို့ရောက်သွားပါမည်။
၃။ ကျောင်းတိုက်ဆိုင်ရာ အချက်အလက်များ
- သီတင်းသုံးရာ ကျောင်းတိုက်အမည်၊ ကျောင်းထိုင်ဆရာတော်ဘွဲ့အမည်နှင့် ကျောင်းတိုက်လိပ်စာ အပြည့်အစုံကို ဖော်ပြပါ။
- တတိယစာမျက်နှာ၌ အချက်လက်များ ဖြည့်စွက်ပြီးပါက အောက် ညာဘက်ထောင့်နားတွင်ရှိသော ရှေ့သို့ ဟူသော ခလုတ်ကိုနှိပ်ပါ။ စတုတ္ထ(နောက်ဆုံး)စာမျက်နှာ သို့ရောက်သွားပါမည်။
၄။ ဓာတ်ပုံ တင်သွင်းခြင်းဆိုင်ရာ အထူးသတိပြုရန်များ
- ဖုန်းနံပါတ်ကိုထည့်ပါ။ Email ကိုမထည့်လိုလျှင်ချန်ခဲ့နိုင်သည်။
- ကိုယ်ပိုင် ဓာတ်ပုံ (Passport Size) တင်ရမည်ဖြစ်ပြီး JPG, JPEG, PNG, WEBP ဖိုင်အမျိုးအစားများကိုသာ လက်ခံပါသည်။
⚠️ သတိပြုရန် - သတ်မှတ်ထားသော Deadline ရက်ကျော်လွန်ပါက သို့မဟုတ် လျှောက်လွှာတင်သွင်းခြင်းကို ယာယီပိတ်ထားပါက လျှောက်လွှာအသစ်တင်သွင်း၍ ရမည်မဟုတ်ပါ။
ℹ️ အချက်အလက်များအားလုံး ဖြည့်စွက်ပြီးပါက "လျှောက်လွှာတင်သွင်းမည်" ခလုတ်ကို တစ်ကြိမ်သာ နှိပ်ပါ။ အောင်မြင်ကြောင်း စာသားပေါ်လာပါက လျှောက်လွှာတင်ခြင်း ပြီးမြောက်ပါပြီ။
လုပ်ဆောင်မှု၌ တစုံတရာ အခက်ခဲ အဆင်မပြေမှု ကြုံရပါက 09-423517860 ဤဖုန်းနံပါတ်သို့ အချိန်မရွေး ဆက်သွယ် အကူညီတောင်းနိုင်ပါသည်ဘုရား။